ဝန်ထမ်း စွမ်းဆောင်ရည် မြင့်မားရေး System Maintenance & Networking သင်တန်း ဆင်းပွဲပြုလုပ်

ဟင်္သာတ ၊ ဇူလိုင် ၇
 
ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက် ဖွင့်လှစ်သည့် System Maintenance & Networking သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
 
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းနည်းပြ ဆရာ ဦးစိုးမင်းမောင် က သင်တန်းသင်ကြား တတ်မြောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ System Maintenance & Networking သင်တန်းကို ဇွန်လ(၂၃)ရက် နေ့မှ ဇူလိုင်လ (၆)ရက်နေ့အထိ (၁၄)ရက်ကြာ ဖွင့်လှစ်သင်ကြား၍ ဟင်္သာတ ခရိုင်ရုံးနှင့် ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား (၂၀) ဦး တက်ရောက်ပြီး သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူ များက သင်တန်းသားများ ကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
ကိုဇော်