ဒိုက်ဦးမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်

 

ဒိုက်ဦး ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပညာပေး ဆောင် ရွက်လျက်ရှိသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များဖြစ်သော ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ် နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း လက်ကို မကြာခဏ ဆေးကြောခြင်း ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ ထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်​ကြရန် အသိပေးချက်များ ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား COVID-19 ညွှန်ကြားချက်နှင့်အညီ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်နှင့် ညနေ (၆) နာရီ ဆိုင်ပိတ်စေရေး ညွှန်ကြားကြပ်မတ် ဆောင်ရွက်သွားရန် အကြောင်းကြားချက်များအားလိုက်နာမှုရှိမရှိကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမြင့်နှင့် ဝန်ထမ်းများစည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသန့်စင်ဦး နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒိုက်ဦးမြို့အတွင်း ရောင်းချနေသော စားသောက် ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေးအတွက် အသိပေးဆောင်ရွက်ခြင်းကို  မြို့ပေါ် ရပ်ကွက်(၉) ရပ်ကွက်ရှိ စားသောက်ဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက် ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။