စစ်ကိုင်း ဇူလိုင် ၇
စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က စစ်ကိုင်းမြို့နယ်၊ ယင်းမာကျင်းကျေးရွာတွင် ငွေကျပ်(၃၄၅)သိန်းအား (တတိယနှစ် စက်ဝန်း) ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။
ချေးငွေများထုတ်ချေးရာတွင် စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်စုစုလင်းက မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးပြီး ကြီးကြပ်ရေးတာဝန်ခံများက လုပ်ထုံး/ လုပ်နည်း ဥပဒေများကိုလည်းကောင်း၊ အသင်းသား များအနေဖြင့် မိမိတို့ရရှိခဲ့သည့် ချေးငွေများကို တစ်ပိုင် တစ်နိုင်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ရေလုပ်ငန်း၊ လက်မှုလုပ်ငန်းစသည့်လုပ်ငန်းများတွင် စနစ်တစ်ကျ အမှန်တစ်ကယ်အကျိုးရှိစွာ အသုံးပြုဆောင်ရွက်သွားကြစေလိုကြောင်း သို့မှသာ မိမိတို့၏ စားဝတ်နေ ရေးများ အဆင်ပြေလာမှာ ဖြစ်ကြောင်း စသည်ဖြင့်ဆွေးနွေး ပြောကြားခဲ့ကြသည်။
စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှင် အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် မြို့နယ်အတွင်း ကျေးရွာပေါင်း(၂၉)ရွာ အား ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်