ခမောက်ကြီးမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပေးဆောင်ရွက်

ခမောက်ကြီး ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ ညနေပိုင်း လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက  ခမောက်ကြီးမြို့စည်ပင် သာယာရေး နယ်နမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ လက်ဖက် ရည်ဆိုင်များအား လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်သည့် အနေဖြင့် ဆိုင်ထိုင်စားသောက်စေခြင်း၊ ဆိုင်အနီးအနားတွင် စုဝေးစားသောက်စေခြင်းတို့ မပြုလုပ်ပဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန်နှင့် လိုက်နာဆောင်ရွက်ခြင်း ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူရမည်ဖြစ် ကြောင်းကို လည်း အသိပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။

ရူပါမြင့်