သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၂၁)ဦးထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်းပိုးတွေ့လူနာ ပေါင်း(၁၆၉)ဦးအထိရှိလာ

သီပေါ  ဇူလိုင်  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ယမန်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၁)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမသိရ သည်။

ယမန်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံနှင့်နမ့်လန်တိုက်နယ်ဆေးရုံတို့တွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူ(၅၃)ဦးအား COVID-၁၉ Antigen RDT Test Kit ဖြင့်ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၁၆)ဦး၊ စုစုပေါင်း (၂၁)ဦး တို့တွင်ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံနှင့် နမ့်လန် တိုက်နယ်ဆေးရုံတို့ရှိသီးသန့်ကုသကြပ်မတ်ဆောင် (Isolation Ward) တွင် ဆေးကုသနိုင်ရေး ဆောင်ရွက် ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာများနှင့်ထိတွေ့ဆက်စပ်သူ(၂၇)ဦးတို့အား Home Quarantineနှင့် Quarantine Centre တို့တွင် အသီးသီး ထားရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၆၉)ဦးပြီး၊သေဆုံးသူ(၄)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။

ခင်လေး