ဝေါမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရေး ယာယီဆေးရုံများ ပြင်ဆင်ဆောင်ရွက်

 

 

ဝေါ  ဇူလိုင်  ၇

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ထားရှိကုသနိုင်ရန်အတွက် မြို့နယ်အားကာခန်းမ ယာယီဆေးရုံအဖြစ် ကြိုတင်ပြင်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမော် ၊အဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင် နှင့်  တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပိုးတွေ့လူနာထားရှိ မည့် အဆောက်ဦးအခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ဆေးဝါကုသမှုပေးနိုင်မှုအခြေအနေများနှင့် လုံခြုံရေး ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိထားမှုအနေဖြင့် ပြည်သူ့ဆေးရုံ ဟောင်း၂၅ ကုတင်တွင် ပိုတွေ့လူနာ ၃၈ ဦး၊ ဝေါမြို့ နယ်မြစ်ကျိုးတိုက်နယ်ဆေးရုံ ၁၆ကုတင်တွင် ၂ဦး၊ ဝေါမြို့နယ်သူရဲသူမိန်တိုက်နယ်ဆေးရုံ ၁၆ ကုတင်တွင် ၂ဦး၊ ဝေါမြို့နယ် ညောင်ခါးရှည်တိုက်နယ်ဆေးရုံ ၁၆ ကုတင်ဆေးရုံတွင် ၂ ဦး ၊ ဝေါမြို့နယ် ဖိုးဦးစိန် တိုက်နယ်ဆေးရုံ ၁၆ ကုတင်ဆေးရုံတွင် ၂ဦး၊ စုစုပေါင်းလူနာ ၄၆ ဦးအား ကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဝေါမြိုနယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ပြည်သူများအား မိမိပတ်ဝန်းကျင်တွင် နိုင်ငံခြားတိုင်းပြည်များ၊ Stay at home မြို့နယ်များမှ ပြန်လာသူများ၊ ကိုဗစ် -၁၉ ရောဂါ သံသယလူနာများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ပေးကြရန်နှင့် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများကို နေ့စဉ်သံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။

အောင်မြတ်လင်း