ရန်ကင်း ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက် နှင်းဆီလမ်း စည်ပင်ဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုရုံ၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကင်းမြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နေထိုင်မှုပုံစံများ အလိုက် နည်းလမ်း(၄) မျိုး ခွဲခြားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို စီမံချက်ကာလ (၁၈)လ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၇) ခုအား တစ်ဦးချင်းအလိုက် လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် ရပ်ကွက်(၁၅) ရပ်ကွက်ရှိပြီး ကျန်ရှိရပ်ကွက်များမှ အသက်(၁၈)နှစ်ပြည့် ပြီးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး