သန်လျင် ဇူလိုင် ၇
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဝန်ထမ်းများနှင့် စာကြည့်တိုက်သို့ လာရောက်သူများအား ကိုယ်အပူချိန်တိုင်းစက်ဖြင့် ကိုယ်အပူတိုင်းတာခြင်း၊ လက်ဆေးဘေစင်တွင် ဆပ်ပြာ၊ ရေတို့ဖြင့် လက်ဆေးသန့်စင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များထားရှိပေးကာ နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ ဝင်ရောက်ခြင်းများ ဆောင်ရွက်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့မြင်ရသည်။
အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျောက်တန်း၊ တံတား၊ သုံးခွ၊ ခရမ်း၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို့မြို့နယ်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရုံးဝန်ထမ်းများနှင့် စာကြည့်တိုက်သို့ လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်များတွင် လက်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ ထားရှိပေးကာ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဝင်/ထွက်သွားလာခြင်းဖြင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်