ပဲခူး ဇူလိုင် ၇
ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ရှိ ဦးဘိုနီလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းသာချဲ့ထွင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးမှ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့် မက္ကတစ်လမ်းမ နှင့်ရှင်စောပုလမ်း တို့အား ဆက်သွယ်ထားသည့် ဦးဘိုနီ(ကျောက်လမ်း) လမ်းမဖြစ်သည်။
အဆိုပါ လမ်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၅၈.၃)သိန်းဖြင့် မြို့နယ်စည်ပင်သာယာရေးမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် အရှည်(၁၂၉၀)ပေ၊ လမ်းအကျယ် (၂၄)ပေ၊ ထုထည်(၃)လက်မရှိသည့် ကတ္တရာ လမ်းသားချဲ့ထွင်မှုနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
မျိုးငြိမ်း