ကျောက်တံခါး ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုကော်မတီက ကြီးမှူး၍ ယမန်နေ့က ဗိုလ်ချုပ်လမ်း ပညာအလင်းစာကြည့်တိုက်အနီးတွင် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများကို ရှောင်တခင်စစ်ဆေးပြီး ဒဏ်ငွေ(၅၀၀)ကျပ် ချမှတ်ပြီး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ကျန်းမာရေး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိသူများ အားလုံးကို နေ့စဉ် စောင့်ကြည့်သွားမည်ဖြစ်ပြီး ကိုဗစ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသူများ အားလုံးကို ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉စည်းကမ်းချက်နှင့်အညီ ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာပေါင်း(၁၇၉)ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
စန်းစန်း