တာမွေမြို့နယ်တွင် Community Based Facilities Quarantine Centre ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ် ရပ်ကွက်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးဝင်းအတွင်း (၇)ထပ်ဆောင်တွင် Community  Based  Facilities Quarantine Centre ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့ တာမွေမြို့နယ်အတွင်း Community Based Facilities Quarantine Centre ဖွင့်လှစ်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ စောင့်ကြည့်လူနာများအနေဖြင့် လာရောက်ကုသမှု ခံယူရာတွင် နေရာထိုင်ခင်း အဆင်ပြေစေရေး၊ လေကောင်း လေသန့် ရရှိစေရေး၊ ရေ၊ မီး၊ မိလ္လာ စနစ်များ အထူးကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် များအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို အဓိကထား စစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်လင်းအောင်