“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဟိုပန်မြို့ဝင်စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဟိုပန် ဇူလိုင် ၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ လူဝင်/လူထွက်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် အသစ်ဆောက်လုပ်လျှက်ရှိသော မြို့ဝင်စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် (၁၁) နာရီအချိန် က သွားရောက်စစ်ဆေးရာ ခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းအောင် က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်မှ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟိုပန်မြို့ဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဌာနဆိုင်ရာများအား ဟိုပန်မြို့သို့ လာရောက်သူ များ၏ ခရီးသွားရာဇဝင်ကို သေချာစွာစစ်ဆေးမေးမြန်းရန်၊ ရောဂါဖြစ်ပွားရာဒေသမှာ ပြန်လာသူများဖြစ်ပါက Quarantine Centre သို့စနစ်တကျ ဆက်သွယ်ပို့ဆောင်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)