မိုင်းယောင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် Home Quarantine (HQ)ထားရှိသူများအနက် ယနေ့နံနက်ပိုင်းက ပထမအကြိမ်စစ်ဆေးမည့် မ(၂)ဦး၊ ဒုတိယအကြိမ် စစ်ဆေးမည့် ကျား(၃)ဦးနှင့် မ(၃)ဦး စုစုပေါင်း(၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့(Negative)အဖြေ ထွက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မိုင်းယောင်းမြို့နယ်တွင် နေရပ်ပြန်များအား Home Quarantine ထားရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RTD ဖြင့် စစ်ဆေးလျက်ရှိရာ (၁၁-၇-၂၀၂၁)ရက်နေ့က ပထမအကြိမ်စစ်ဆေးမည့် ကျား(၁၀)ဦးနှင့် မ(၃)ဦး၊ ဒုတိယအကြိမ် စစ်ဆေးမည့် ကျား(၉)ဦးနှင့် မ(၁၆)ဦး စုစုပေါင်း(၃၈)ဦးတို့ကို လည်းကောင်း၊ (၁၂-၇-၂၀၂၁)ရက်နေ့က ပထမအကြိမ်စစ်ဆေးမည့် ကျား(၈)ဦးနှင့် မ(၂)ဦး၊ ဒုတိယအကြိမ် စစ်ဆေးမည့် မ(၁)ဦး စုစုပေါင်း(၁၁)ဦးတို့ကို လည်းကောင်း RTD ဖြင့် စစ်ဆေးခဲ့ရာ ပိုးမတွေ့(Negative)အဖြေ ထွက်ရှိခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိထားသူ (၆)ဦး ရှိနေပြီး၊ ၎င်းတို့ကို ဝမ်ဇလီလော် ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်တွင် ဆေးဝါးကုသမှုပေးထားပြီး ယင်းတို့အားလုံးမှာ ကျန်းမာရေးကောင်းမွန်ကြကြောင်း သိရသည်။
အားချာ