မိုင်းခတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်အမှတ်(၂)ရပ်ကွက်တွင် HomeQuarantineထားရှိ သည့် အမျိုးသားတစ်ဦးအား ယနေ့နံနက်က RDTtestkitဖြင့် ပထမအကြိမ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာသည် မိုင်းခတ်မြို့နယ်မှ ကုန်ပစ္စည်းပို့ဆောင်ရန် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း က ဆင်မောင်း-မိုင်းပျဥ်း-တာချီလိတ်-ကျိုင်းတုံသို့သွားရောက်ခဲ့ပြီး မိုင်းခတ်မြို့နယ်တွင် ဇူလိုင် ၁၀ရက်နေ့က ပြန်လည်ရောက်ရှိလာရာ နေအိမ်တွင်မိသားစုနှင့်သီးခြားစီHome Quarantine ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါလူနာကို မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး မိသားစုဝင်များ ကိုမိမိနေအိမ်တွင် Lowdownချ၍ Quarantineထားရှိပြီး RDTtestkitဖြင့် ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)