ဆီဆိုင် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ရဲကင်းစခန်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အမျိုးသမီး(၁)ဦးသည် အသက်ရှုကြပ်ရောဂါဖြစ်သဖြင့် ဆိုက်ခေါင်တိုက်နယ်ဆေးရုံတွင် သွားရောက်စစ်ဆေးမှုခံယူခဲ့ရာ Rapid Test Kit ဖြင့် စစ်ဆေးမှုအရ Covid-19 Positive အဖြေထွက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးနှင့် အတူနေထိတွေ့ဆက်စပ်ခဲ့သည့် ၎င်း၏ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့(၂)ဦးအား Rapid Test Kit ဖြင့် ထပ်မံစစ်ဆေးခဲ့ရာ ထိစပ်သူ(၂)ဦးစလုံး Covid-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာ(၃)ဦးအား ဆိုက်ခေါင်တိုက်နယ်ဆေးရုံသို့ လွှဲပြောင်းစောင့်ကြည့်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)