မြစ်ကြီးနား ဇူလိုင် ၁၃
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် မြစ်ကြီးနား မြို့နယ်အတွင်းရှိ IDPs စခန်းများသို့ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ဆန်အိတ်များကို သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်နှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ ဇီးအုန်နှစ်ခြင်းခရစ်ယာန်ဝင်း အတွင်းရှိ IDPs စခန်း၌ မလိယန်၊ ဇီးအုန်၊ ဗက်လင် IDPs စခန်းများမှ တာဝန်ရှိသူများနှင့် စခန်းနေ မိသားစုများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု များပြား လာသည်နှင့်အမျှ IDPs စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေး ယခုလို လာရောက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မိသားစုများ အနေဖြင့် သက်ဆိုင်ရာစခန်းများအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးကို ကာကွယ်ရေး လုပ်ငန်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည့် အခက်အခဲများကို ဖြည့်ဆည်း ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း အားပေးပြောကြားသည်။
ယင်းနောက် IDPs စခန်းများမှ တာဝန်ခံများနှင့် မိသားစုများက နေထိုင် စားသောက်ရေးနှင့် စခန်းများ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်း လိုအပ်ချက်များနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စခန်းနေမိသားစုများ အတွက် ဆန်အိတ်(၄၅)အိတ်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် မော်ဖောင်းကျေးရွာလော်ဝေါ်စခန်း၌ လော်ဝေါ်နှစ်ခြင်း IDPs စခန်း၊ နန်းကွေ့ကျေးရွာ စိန်ယောဟန်စခန်းနှင့် ကဘုဒန်းစခန်းတို့မှ တာဝန်ရှိသူများ၊ မိသားစုများနှင့်တွေ့ဆုံပြီး အားပေးစကား ပြောကြားကာ စခန်းတာဝန်ခံများမှ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်တို့က လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကာ ဆန်အိတ်(၁၆)အိတ်နှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
အလားတူ ဂျာမိုင်ကောင်း စိန့်ပေါလ် RC စခန်း၌ နှစ်ခြင်း IDPs ၊ RC စခန်းနှင့် ပမ္မတီး နယ်မြေ(၁) IDPs စခန်းတို့မှ စခန်းတာဝန်ခံများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးကာ စခန်းများနေမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးနိုင် ရေးနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စခန်းများအတွင်း အသိပညာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပြီး ဆန်အိတ်(၃၉)အိတ်နှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)