သံတောင်ကြီးမြို့နယ်၊သံတောင်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ်ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာများရှိ လာသည့်အတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက သံတောင်မြို့ အဝင်အထွက်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားလာသူများနှင့် ဆိုင်ကယ်များ၊ ကားများမှ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်၊ လမ်းညွှန်ချက်များနှင့်အညီ သွားလာစေ ရေး၊ လူဝင်လူထွက်စစ်ဆေးခြင်း၊ Maskများ စနစ်တကျတပ်ဆင်ပြီး သွားလာစေရေး၊လက်ကို မကြာခဏ ဆပ်ပြာနှင့်ဆေးကြောစေရန် စသည့်ကိုဗစ်-၁၉ရောဂါဆိုင်ရန် အသိပညာပေးလုပ်ငန်း များကို သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ ဌာနဆိုင်ရာများ၊ ခရစ်ယာန်အသင်းတော်မှဆရာတော်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ နှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)