သတင်းများ

နမ့်စန်တွင် ၁နှစ်၇လအရွယ်ကလေးငယ်အပါအဝင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၄ ဦးစစ်ဆေးတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက်ပိုင်း မှ ည ၉ နာရီ အထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၈ ဦး ၊အမျိုးသား ၆ ဦး စုစုပေါင်း ၁၄ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
Jul 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ပြုလုပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၆၂)ဦးကို Swab ယူစစ်ဆေးရာ (၂၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေး ရာ (၂၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မိုင်းပန်မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့ရှိသူ လူနာ (၈) ဦး ဆေးရုံတွင် (၁ဝ) ရက်ကြာ ကုသမှုခံယူပြီးနောက် နေကောင်းကျန်းမာသဖြင့် ဆေးရုံဆင်းခွင့်ပေး
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဇူလိုင်လ (၄) ရက်နေ့က မိုင်းပန်မြို့၊ အလယ်ရပ်ကွက်တွင်နေထိုင်သူ (၃) ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ (၂) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့၏ တစ်အိမ်တည်းအတူနေ မိသားစုဝင် (၈) ဦးတို့အား ဆက်လက်စစ်ဆေးရာ (၆) ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင်ထားရှိကုသခဲ့ပြီး (၁ဝ) ရက်ပြည့်ပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပေးလိုက်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိခဲ့သည့်နေရာနှင့် မြန်မာ့စီပွားရေးဘဏ်အား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်
Jul 14,2021
နှစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်တက် လျက်ရှိသည့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူမှုရေးအသင်းများမှ တက်ညီလက်ညီဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညက မြန်မာ့ စီးပွားရေး ဘဏ်နှင့် အတည်ပြုလူနာများထားရှိခဲ့သည့် မြို့တော်ခန်းမအား ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများကို ဓမ္မဝိဇယသာရေး နာရေးကူညီမှုအသင်းမှ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero) SARS-CoV-2 Vaccine ကို ဆရာ / ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ်ထိုးနှံပေး
Jul 14,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမကြိမ်ထိုးနှံထားသော ဆရာ/ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက် ၈ နာရီက အမှတ်(၃) ရပ်ကွက်ရှိ မိုဃ်းကောင်းကျောင်းတိုက်၌ ဒုတိယအကြိမ်ထိုးနှံပေးခဲ့သည်။
ဖယ်ခုံမြို့၌ Covid-19 (Positive) လူနာ ၂၃ ဦးရှိပြီး ၇ ဦးဆေးရုံဆင်းခွင့်ရ
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ခန်းမ၌ ယမန်နေ့နံနက်က Covid-19(Positive) လူနာ ခုနှစ်ဦး နှင့် ဆက်စပ်ထိတွေ့သူ ၂၃ ဦး၊ အခြားပြင်ပမှ Covid-19 ရောဂါပိုး ရှိ/မရှိ လာရောက်စစ်ဆေးသူ ငါးဦး တို့အား (RDT) Test ဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မိုင်းဖြတ်မြို့နယ်၌ ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်လံအသိပေးနှိုးဆော်
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ညနေ ၅ နာရီအချိန့်က ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့သည်။