မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ(၂၁၃)ဦးရှိ

မကွေး  ဇူလိုင်   ၁၄

မကွေးတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါပိုး Third Wave တွင် ကူးစက်မှုများ မြင့်မားလျက်ရှိပြီး ဇူလိုင်လ ၁၃ ရက် ယနေ့ညနေပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၂၁၄)ဦး ထပ်မံကူးစက်ခံရပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၂၇၅၄)ဦး အထိရှိလာကြောင်း သိရ သည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ဒီကနေ့မှာ ကိုဗစ်ကူးစက်မှု စတင်လျောနည်းလာခဲ့တာပါ၊ ဆက်ပြီးထိမ်းထားရမှာဖြစ်ပါတယ်၊မလိုအပ်ဘဲ အိမ်ပြင်မ ထွက်ကြဖို့နဲ့ ထွက်တဲ့အခါမှာလည်း Mask ကို စနစ်တကျ တတ်ဆင်ပြီးမှ သွားလာဖို့ ပြောချင်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် ကူးစက်ပြန့်ပွားမှုက မြင့်မားနေဆဲပါ၊ သေဆုံးသူများကလည်း သွေးတွင်းအောက်စီဂျင်ကျဆင်းလို့ သေဆုံးခဲ့ရသူက များပါတယ်၊  ဒီကနေ့ တိုင်းဒေသကြီးအတွင်းမှာ ကိုစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ်(၂၁၃)ဦး ထပ်မံ ကူးစက်ခံရတာပါ၊ အနံ့ပျောက် လက္ခဏာပြသူတွေ၊ ပိုးတွေ့အတည် ပြုလူနာနဲ့ ထိတွေ့မှုရှိသူတွေ၊ Quarantine Centre များမှ စောင့်ကြည့်လူနာတွေကို (RDT) Test Kit နဲ့ စစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ တွေ့ရှိခဲ့တဲ့ လူနာတွေက မကွေးက(၅၅)ဦး၊ သရက် က(၃၅)ဦး၊ မင်းလှ(၂၃)ဦး၊ မြိုင်က(၂၁)ဦး၊ ဂန့်ဂေါက(၁၉)ဦး၊ ဆော(၁၇)ဦး၊ နတ်မောက်က(၁၃)ဦး၊ စေတုတ္တရာက (၁၂)ဦး၊ မြို့သစ်(၉)ဦး၊ ကံမ(၇)ဦး၊ မင်းတုန်းနဲ့ ဆိပ်ဖြူက(၁)ဦးစီတို့ ဖြစ်ပါတယ်၊  တိုင်းဒေသကြီး အတွင်း ကိုဗစ်-၁၉ Third Wave မှာ စတင်တွေ့ရှိခဲ့တဲ့ယခုနှစ် မေလ ၂၁ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့ အတည်ပြု လူနာပေါင်းက (၂၇၅၄)ဦး ထိရှိလာပြီ ဖြစ်တယ်လို့ တိုင်းဒေသ ကြီးပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား သည်။

 

မကွေးတိုင်းဒေသကြီးအတွင်း လက်ရှိမှာ ပိုးတွေအတည်ပြုလူနာပေါင်း(၂၇၅၄)ဦးရှိပြီး၊ ကျန်းမာ ရေး ပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၁၆၅)ဦး၊ သေဆုံးသူက(၂၇)ဦးရှိခဲ့ကြောင်း၊ တိုင်းဒေ သကြီးအတွင်းရှိ ဆေးရုံအသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ (၂၅၆၁))ဦးရှိကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။

 

မောင်ညီညာ(မကွေး)