ငဖဲ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ အတွင်းရေးမှူးဦးဝင်းရှိန်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်ဇေယျ ၊ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးမြင့်သိန်း တို့ပါဝင်သော အဖွဲ့နှင့်အတူ ယမန်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့်က ငဖဲမြို့နယ်ဇင်ပြွန်းကျေးရွာအုပ်စု မင်းဘူး-အမ်းလမ်း မိုင်တိုင် အမှတ် (၃၈/၀)ရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးရေး ဂိတ် နှင့် ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ လေလံရောင်း ချမည့်အဆောက်အဦအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့လာရောက်ကြည့်ရှုစစ်ဆေးမှုတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်းလှိုင် ၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်စိုး၊အဖွဲ့ဝင်-၂ဦးတင်မောင်အေး ၊ အဖွဲ့ဝင်-၃ ဦးကျော်ဝင်း၊ အတွင်းရေး မှူး ရဲမှူးစိန်သောင်း၊မြို့နယ်မီးသတ်ဦးစီးမှူးဦးနိုင်လင်းဦးနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ယုယုသိန်းတို့မှ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လုပ်ငန်းဆောင်ရွက်မှူအခြေအနေ များအား လိုက်လံရှင်းလင်းတင်ပြကြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် က ခရီးသွားပြည်သူများကို စိတ်အနှောင့်အယှက် မဖြစ်အောင်စနစ်တကျစစ်ဆေးပေးဖို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်လို့ ညီညီညွတ်ညွတ်ပူးပေါင်းပြီးပျော်ရွှင်စွာ လုပ်ကိုင်ပေးကြရန်၊ ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို စုပေါင်းဂိတ်အထက်မှာ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန်၊ ကျန်းမာရေးဝန်ထမ်း အခက်အခဲရှိပါက တာဝန်ချိန်ပြီးဆုံးပါက ဆက်လက်၍ ကျန်းမာရေးစစ်ဆေးပေးနိုင်ရန် Volunter များကိုလေ့ကျင့်သင်ကြားပေးရန်၊ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းရှိ ဂိတ်အဆောက်အအုံ ဟောင်း များကို မြို့နယ်အတွင်းရှိလိုအပ်သောနေရာများတွင် အကျိုးရှိစွာအသုံးချနိုင်ရေးဆောင်ရွက်ပေးရန်၊ ယခုကျန်းမာရေးစစ်ဆေးရေးဂိတ်ကို စုပေါင်းဂိတ်၏အထက် မြေကွက်လပ်တွင် ပြောင်းရွှေ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် တို့ကို ဆွေးနွေးမှာကြားခဲ့ပြီး ည ၅ နာရီခွဲအချိန်ခန့်တွင် မကွေးမြို့သို့ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
မယု(ငဖဲ)