သတင်းများ

ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ မြို့မစျေးရှေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Jul 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ မြို့မစျေးရှေ့တွင် ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းအုပ်စု ဝမ်ဆိုင်းကျေးရွာ၌ မီးဖိုဆောင်မှတစ်ဆင့် လူနေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မိုင်းလန်းအုပ်စု ဝမ်ဆိုင်း‌ကျေးရွာ၌ ယမန်နေ့ ညနေ (၆)နာရီ (၃၀)ခွဲခန့် အချိန်က လူနေအိမ်အား မီးဖိုဆောင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ကျုံပျော်တွင် ၁၃၅ ဦးစစ်ဆေးရာ ၆၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဇူလိုင် ၁၃ ရက်က အသွားအလာ ကန့်သတ်ထားသူ၊ ဖျားနာ အနံ့မရသူ စုစုပေါင်း ၁၃၅ ဦးအား စစ်ဆေးရာ ၆၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
မိုင်းယောင်း၌ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု ပါမန်းကျေးရွာရှိ ကျောင်းသား ကျောင်းသူလေးများ ပညာသင်ကြားနိုင်ရေးအတွက် အမက(ပါမန်း)ကျောင်းဆောင်အသစ် တစ်ခု ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ့်ခမ့်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 14,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများ တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၆၄)ဦးထိရှိလာ
Jul 14,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သိရသည်။
ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၇) ဦးထပ်မံတွေ့ရှိ
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်တွင် ယမန်နေ့က Covid-19 ပိုးတွေ့လူနာသစ်( ၃) ဦးနှင့် ရွာငံမြို့နယ်တွင် အတည်ပြုလူနာသစ် (၁၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး နှစ်မြို့နယ်စုစုပေါင်း (၁၇)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။ ပင်းတယမြို့၌ ကိုဗစ်-၁၉ သံသယလူနာ (၁၀) ဦးအား RDT ဖြစ်စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦး ထပ်မံတွေ့ရှိခဲ့ပြီး၊ ၎င်းတို့ (၃)ဦးမှာ အင်းငယ်ရွာမှ တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်ကြောင်းနှင့် ပင်းတယမြို့နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၂၄) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ ရွာငံမြို့၌ ပိုးတွေ့ လူနာသစ် (၁၄) ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ထိ စုစုပေါင်း အတည်ပြုလူနာ (၈၄)ဦးရှိကြောင်း နှင့် ဆေးရုံဆင်းလူနာ (၃၃) ဦး ရှိကြောင်းသိရသည်။ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ နယ်နှင့် ရွာငံမြို့နယ်တို့တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာယနေ့ထိ စုစုပေါင်း (၁၀၈) ဦး ရှိပြီဖြစ် ကြောင်းသိရသည်။
မြိုင်ကြီးငူအထူးဒေသရှိ နေရပ်စွန့်ခွာပြည်သူများအတွက် GMSAEDC မှ ဆန်အိတ်များလှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 14,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသသို့ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာ ပြည်သူများ အတွက် Greater Mekong Subregion Agriculture and Education Development Center (GMSAEDC )မှ ဆန်အိတ်(၁၀၀) ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။