ကျုံပျော်တွင် ၁၃၅ ဦးစစ်ဆေးရာ ၆၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ကျုံပျော် ဇူလိုင် ၁၄
 
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဇူလိုင် ၁၃ ရက်က အသွားအလာ ကန့်သတ်ထားသူ၊ ဖျားနာ အနံ့မရသူ စုစုပေါင်း ၁၃၅ ဦးအား စစ်ဆေးရာ ၆၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာ ၆၄ ဦးတွင် ၁၈ ဦးမှာ Home Quarantine ဖြင့် အသွားအလာ ကန့်သတ်ထား ရှိသူများ ဖြစ်ပြီး၊ ၄၁ ဦးမှာ ဖျားခြင်း၊ အနံ့မရခြင်းတို့ဖြင့် လာရောက်ပြသရာမှ RDT ဖြင့်စစ်ဆေးရာ တွင် ပိုးတွေ့ရှိခဲ့ ခြင်းဖြစ်ကာ ကျန် ၅ ဦးမှာ ကျန်းမာရေး ဝန်ထမ်းများဖြစ်ကြောင်းသိရသည်။
ကျုံပျော်မြို့နယ်တွင် မေလ ၁ ရက်မှ ဇူလိုင် ၁၃ ရက်နေ့အထိ ပိုးတွေ့လူနာ ၃၂၂ ဦး ရှိနေပြီဖြစ်ပြီး ၊ သေဆုံးသူ ၃ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၇ ဦး ရှိပြီဖြစ်ကာ၊ လက်ရှိ ပိုးတွေ့လူနာ ၂၈၂ ဦးအား စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။