သတင်းများ

ဘုရားသုံးဆူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 21,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ယမန်နေ့ နေ့လယ်က အမှတ်(၂) ရပ်ကွက်၊ အ.မ.က မူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ အခမဲ့ထောက်ပံ့
Aug 21,2020
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ Covid-19 Economic Relief Plan ၏ Action Plan အရ ယနေ့ နံနက် ၉ နာရီက ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ မဲရုံပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 21,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေ ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းစာကြည့်တိုက် များသို့ စာအုပ်စာစောင် လှူဒါန်းပွဲ ကျင်းပ
Aug 21,2020
အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကို လေ့လာနိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမတွင် ကျောင်းစာကြည့် တိုက်များသို့ စာအုပ်စာစောင်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
အလုံမြို့နယ်၌ သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ကွင်းဆင်း​ဆောင်ရွက်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ​​ဆင်မင်းရပ်ကွက်နှင့် ဌာနာရပ်ကွက်ရပ်ကွက်တို့ တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
လိပ်သိုမြို့ရှိ ရန်ကြီးအောင်ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်း စုပေါင်းလုပ်အားပေးဆောင်ရွက်
Aug 21,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ရန်ကြီးအောင် ဘုရားရင်ပြင်တော်အား ပြုပြင်မွမ်းမံခြင်းစုပေါင်းလုပ်အားပေးကို ယမန်နေ့နံနက်မှစ၍ လိပ်သိုမြို့ ဗုဒ္ဓဘာသာဂေါပကအဖွဲ့မှ ဦးစီးပြီး လိပ်သိုလူငယ်အဖွဲ့၊ ယောဂီအဖွဲ့တို့က ပါဝင်စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့တွင် လေဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
Aug 21,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဗမာမြောင်ကြီးကျေးရွာတွင် ဩဂုတ် ၁၉ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲကာ နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးက ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရုံးခန်းမ၌ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခေါင်လန်ဖူး၌ ကျေးရွာတိုင်း ယင်လုံအိမ်သာသုံးစွဲနိုင်ရေးအတွက် ယင်လုံအိမ်သာခွက်များ အခမဲ့ ဖြန့်ဝေပေး
Aug 21,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျေးရွာတိုင်းယင်လုံအိမ်သာသုံးစွဲနိုင်‌ရေးအတွက် ကောင်လိုလပ်‌‌အုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယင်လုံအိမ်သာခွက်များ အခမဲ့ဖြန့်‌ဝေပေးခဲ့ကြောင်းသိရသည်။