နမ့်ခမ့်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်

နမ့်ခမ်း ဇူလိုင် ၁၄

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများ တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်တလောကာလတွင် နေရာအနှံ့အပြားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ရှိနေသည့် အတွက် လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေးတွင် ကျန်သည့် ဆိုင်ခန်းများအား ဖွင့်လှစ်ရောင်းချ ခြင်းမပြုသော်လည်း စားသောက်ကုန်ဆိုင်ခန်းများနှင့် ဆေးဝါးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း ရှိသည့်အတွက် စျေးရောင်း စျေးဝယ်ပြည်သူများမှ ရောဂါကူးစက်မှုမရှိစေရန် ညနေပိုင်းစျေးပိတ်ချိန်တွင် စျေးတွင်း စျေးပြင် နေရာအနှံ့ကို ပိုးသတ်ဆေး လိုက်လံဖျန်းကြပြီး အမှတ်(၁၄)ရပ်ကွက်ရှိ အမှတ်(၂) စျေးတွင်လည်း သွားရောက် ဖျန်းကြကြောင်းသိရသည်။

စျေးများသို့ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ဖေ ဦးဆောင်ပြီး စည်ပင်ဝန်ထမ်းများနှင့် စျေးကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘဦး