လှိုင်းဘွဲ ဇူလိုင် ၁၄
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သိရသည်။
အဆိုပါအတည်ပြုလူနာ(၄)ဦးမှာ လှိုင်းဘွဲမြို့(က)ရပ်ကွက်နေ၊ ပိုင်ကျုံလမ်းနေ (၂)ဦး၊ (ဂ)ရပ်ကွက်၊ ပဒုမ္မာလမ်းနေ (၁)ဦးနှင့် (ဂ)ရပ်ကွက်၊ ခေမာလမ်းနေ (၁)ဦးတို့သည် ပြည်ပခရီးသွား ရာဇဝင်မရှိဘဲ အနံ့မရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ဒေါက်တာစောငြိမ်းထွန်းမှ Covid-19 ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေး၍ Covid-19 ရောဂါပိုးတွေ့ရှိကြောင်း၊ အဆိုပါ အတည်ပြုလူနာ(၄)ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာကန့်သတ်မှုများ ဆောင်ရွက်ထားရှိကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)