သတင်းများ

ငဖဲမြို့နယ် ငလှိုင်တောကျေးရွာတွင် လျှပ်စစ်မီးရရှိ
Jul 14,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ငလှိုင်တောကျေးရွာတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကျော်နှင့်သန်းကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့ တွင် လမ်းမီးများစတင်ရရှိမည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၇ နာရီအချိန်က ငလှိုင်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်း
Jul 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တွဲလက်လူမှုကူညီရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အလှူရှင်များက အလှူငွေများကို ယနေ့ နံနက်ပိုင်းက အသီးသီးလှူဒါန်းခဲ့ ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉အတည်ပြုလူနာ( ၅၈)ဦးထပ်တိုးတွေ့ရှိ
Jul 14,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့်ထိစပ်သူများ၊ သံသယလူနာများ စုစု‌ပေါင်း(၂၇၈)ဦးအား မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ RDT (Test Kits) ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား(၄၂)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း(၅၈)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။
ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ
Jul 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်စေ ရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစည်ပင်သာယာစျေးလမ်းဆုံ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပြည်သူများအား COVID-19 ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးဆောင်ရွက်
Jul 14,2021
ခရိုင်နှင့်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ဝင်များသည် မြို့ပေါ် ရပ်ကွက်(၁၂) ရပ်ကွက်တွင် မဖြစ်မနေအပြင်ထွက်သွားလာပါက MASK တပ်ဆင်၍သွားလာခြင်းရှိ/မရှိ၊ အပြင် ထွက်၍စျေးဝယ်ခြင်း အားတစ်အိမ်လျှင်တစ်ဦးသာ သွားလာခွင့်ပြုခြင်း၊ ဆေးရုံဆေးခန်း သွားလာ ပါက နှစ်ဦးသာသွားလာ ခွင့်ပြုခြင်းနှင့် မော်တော်ဆိုင်ကယ်များတွင် လူတစ်ဦးသာ စီးနှင်းသွားလာရန် စသည့် COVID-19 ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁)ဦးထပ်မံတွေ့ရှိ
Jul 14,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မောက်ပင့်ဖစားသောက်ဆိုင်မှ ယမန်နေ့က ကိုဗစ်-၁၉ပိုးတွေ့ လူနာ ၁ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းနှင့် ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ သူ ၁ ဦးရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပ
Jul 14,2021
ကရင်ပြည်နယ် ၊မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူအသစ် ၅၀ ဦးတွေ့ရှိ
Jul 14,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၅၀ ဦးတွေ့ ရှိပြီး သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။