သာကေတမြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ(၅၆၁၂၀)ဦးရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ(၁၃၆၅၄)ဦးရှိ
Aug 21,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲဆန္ဒရှင်စာရင်း များကို ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ ဩဂုတ်လ(၇)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်၌ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများမှ ရပ်ကွက်အလိုက်၊ လမ်း အလိုက်၊ နယ်မြေအလိုက် ပထမအကြိမ် ကပ်ထားခဲ့ပြီး ထပ်မံ၍ မဲဆန္ဒရှင်များ လိုအပ်သည့်တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများကို ဆောင်ရွက်ရန်အတွက်ကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ(၇)ရက် ထပ်မံတိုးမြှင့်ကြေညာထားခဲ့သည်။