လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (ဗ- ၃/၁၉-၂၂) ကျင်းပ
Aug 21,2020
လမ်းမတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း အဝေး (ဗ-၃/၁၉-၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် Online Video conferencing ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ လုပ်ငန်းလမ်းညွှန်အမှာစကားပြောကြားရာတွင် UMFCCI မှ စီစဉ်ရိုက်ကူးတင်ဆက်လျက်ရှိသည့် Webinar Series များအနေဖြင့် ကြည့်ရှုသူအရေအတွက် များပြားလျက်ရှိပြီး စိတ်ဝင်စားမည့် ခေါင်းစဉ်များဖြင့် ထပ်မံ ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ချေးငွေများ လုပ်ငန်းရှင်များထံသို့ အလျင်မြန်ဆုံးရရှိစေရန်အတွက် အသင်းချုပ်အနေဖြင့် လက်ခံရရှိသော လျှောက်လွှာပေါင်း(၁၀,၀၀၀)ကျော်အား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရှိန် အဟုန်မြင့် စီစစ်လျက်ရှိကြောင်း၊ မူဝါဒနှင့်သုတေသနပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်နေမှုများ အသင်း ချုပ်၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများမှလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုများကို ပြောကြားခဲ့ သည်။