ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ မြို့မစျေးရှေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်

ဘုရားသုံးဆူ ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ မြို့မစျေးရှေ့တွင် ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုများကို ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးမြင့်နိုင် က ဦးဆောင်၍ တပ်ဖွဲ့များဖြင့် ဘုရားသုံးဆူ မြိုမစျေးတွင် စျေးဝယ်သူများအား ကိုဗစ် ၁၉ နှင့်ပတ်သက်သော အသိပညာပေး အကြောင်းအရာများအား ပြောကြားပြီး Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။