မိုင်းယောင်း၌ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်

မိုင်းယောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု ပါမန်းကျေးရွာရှိ ကျောင်းသား ကျောင်းသူလေးများ ပညာသင်ကြားနိုင်ရေးအတွက် အမက(ပါမန်း)ကျောင်းဆောင်အသစ် တစ်ခု ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ယင်းစာသင်ဆောင်သည် အလျားပေ ၆၀၊ အနံပေ ၃၀ ရှိ Steel Structure တစ်ထပ် အမျိုးအစားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၃၁ ဒသမ ၈၆၀ သန်းဖြင့် Diamond Three Colours ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း