ဂန့်ဂေါတွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ
Jul 29,2021
ကိုဗစ်-၁၉ ရောဂါကျရောက်သူများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေး အတွက် ဂန့်ဂေါမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဇဋိလ၏ သြဝါဒနှင့်အညီ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဂန့်ဂေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး လုပ်ငန်းများကို ဇူလိုင် ၁၅ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။