ခရမ်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာထုတ်ပေး

ခရမ်း   ဇူလိုင်   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကာလအတွင်း မိဘပြည်သူပင်စင်စားများအတွက် ပင်စင်များကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးရာ၌ မြို့နယ်အတွင်း ကိုဗစ် -၁၉ ကူးစက်မှုမြင့်တက်နေသဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပင်စင်လစာများကို ရပ်ကွက်ကျေးရွာများရှိ ပင်စင်စားမိဘပြည်သူများအား အလှည့်ကျထုတ်ပေး ခြင်းဖြစ်ပြီး (အငြိမ်းစား) ပင်စင်စားများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက် ထုတ်ယူနိုင်ပါကြောင်းနှင့် ကိုယ်စားလှယ်နှင့်ထုတ်ယူလိုပါက လိုအပ်သည့် အထောက်အထားဖြင့် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ် ၀န်ထမ်းများမှ ပင်စင်လာ‌ ရောက်ထုတ်ယူကြ‌ သော ပင်စင်စားမိဘပြည်သူများအား လက်သန့်စင်ဆေး‌ရေများဖြင့် လက်သန့်စင်ပေးခြင်း၊ ပိုက်ဆံများကို ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် ပင်စင် လာရောက်ထုတ်ယူပါက ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  လာရောက်ထုတ်ယူကြပါရန်နှင့် နှာခေါင်းစည်း Mask၊ face Shield၊ လက်အိတ်များ ၀တ်ဆင်ပြီးမှလာ‌ရောက်ထုတ်ယူကြပါရန်ကြိုတင် အသိပေး ကြေညာထားကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်(ခရမ်း )