သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား  ကာကွယ်ဆေးများ ထိုးနှံပေး

သရက်  ဇူလိုင်  ၂၉

မကွေးတိုင်းဒေသကြီး သရက်မြို့ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား  ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ()နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာ၌ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင် ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ စနစ်တကျမှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။

သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇူလိုင် ၂၉ ရက်နေ့တွင် (၁၇၅) ဦး၊ ဇူလိုင် ၃၀ ရက်နေ့တွင် (၁၇၂) ဦး၊ ဇူလိုင် ၃၁ ရက်နေ့တွင် (၆၇) ဦး၊ စုစုပေါင်း (၄၁၄) ဦးတို့အား ဇူလိုင်လ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့အထိ နံနက်၉ နာရီမှ ၁၂နာရီနှင့် နေ့လည် နာရီမှ နာရီ အတွင်း ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါ ဆေးထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးနေမှုများအား ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း  သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)