သတင်းများ

မိုင်းရယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်
Jul 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ညနေ ၆ နာရီက  မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ မြို့အဝင်၊အထွက်ဂိတ်ကို ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထား
Jul 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ခြားမှ ဝင်ရောက်မည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် ခရီးသွားများအား ယခင်က (၁၂. ၇. ၂၀၂၁)ရက်မှ (၂၂. ၇. ၂၀၂၁)ရက်နေ့အထိ မြို့အဝင်၊ အထွက် ယာယီပိတ်ထားရာမှ ရက်အကန့်အသတ်မရှိ ဆက်လက်ပိတ်ထားကြောင်း သိရသည်။ 
လှိုင်းဘွဲမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Jul 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင်  ရေကြီးနစ်မြုပ်နေသော်လည်း ပြောင်းရွှေ့နေထိုင်ခြင်းမရှိသော အိမ်ထောင်စုများအတွက် စားသောက်ကုန်များကို အလှူရှင်များက ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် (ဃ)ရပ်ကွက်တွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်အတွင်း ပရဟိတအဖွဲများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ပရဟိတအဖွဲများနှင့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ Stay At Home မြို့နယ်ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်တောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သော ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စုများအား ဆန်များ ထောက်ပံ့ပေးအပ်
Jul 29,2021
ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်၌ ဇူလိုင်(၂၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုခဲ့သော ကျေးရွာ(၉)ရွာရှိ အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ  ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှုများ အောင်မြင်စွာထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2021
ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှုများ အောင်မြင်စွာထိန်းချုပ်နိုင်ရန်နှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၄)၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ် စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အသီးသီး လှူဒါန်းခဲ့သည်။
ပေါင်းတည်မြို့နယ် Quarantine Centre များသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်
Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ပေါ်ရှိ Quarantine Centre (၅) ခုတွင်ထားရှိသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာများ၊ ရောဂါပိုးထိတွေ့ ဆက်စပ်သူများနှင့် တာဝန်ပေးထားသော Volunteer များအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းကိုကိုနိုင်နှင့် တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။