ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုးမြို့သို့ရောက်ရှိ
Jul 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က လားရှိုးမြို့သို့ရောက်ရှိလာရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဝင်များ၊ ပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများကလက်ခံရယူခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဆေးသိုလှောင်ရုံ သို့ပို့ဆောင်ပေးခဲ့သည်။