သတင်းများ

ဟိုပန်မြို့ Quarantine Center တွင်အသုံးပြုရန် ပစ္စည်းများလှူဒါန်း
Jul 29,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အသုံးပြုရန်အတွက် ဟိုပန်မြို့၊ဈေးရပ်ကွက်နေ မရန်မင်ကျူးနှင့်် သူငယ်ချင်းများက  Covid-19 Test Kit (၁၀၀)ခု၊သောက်ရေန့်(၃၀)ကဒ်၊ သီးစုံဓာတ်ဆား(၁၈)ဘူးတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းထိုက်နှင့်အတွင်းရေးမှူး ရဲမှူးတင်နိုင်မိုးတို့က လက်ခံရယူခဲ့သည်။
ဟိုပုံးမြို့နယ်၌ အိမ်တိုင်ရာရောက် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အိမ်တိုင်ရာရောက် အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းများဖြန့်ဝေခြင်းကို  ယမန်နေ့ ညနေ(၄)နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာနှင့် ဖာလိုင်ကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြသည်။
သထုံခရိုင်အတွင်းရှိ ရေကြီးနစ်မြုပ်သည့်နေရာများနှင့် ကယ်ဆယ်ရေးစခန်းများသို့ ခရိုင် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှု အား‌ပေး 
Jul 29,2021
မွန်ပြည်နယ်၊ သထုံခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်က သထုံခရိုင်အတွင်းရှိ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့ နယ်အတွင်း ရေကြီးနစ်မြုပ်သည့် နေရာများနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ကြည့်ရှုအားပေးကာ ရေဘေးဒဏ်ခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
မူဆယ်နယ်စပ် နန်းတော်ဂိတ်မှ မြန်မာအလုပ်သမားများဝင်ရောက်လျက်ရှိ
Jul 29,2021
ရှမ်းပြည်နယ်၊မူဆယ်နယ်စပ်ဝင်/ထွက်ဂိတ်ဖြစ်သော နန်းတော်ဂိတ်မှ တစ်ဖက်နိုင်ငံ ရွှေလီမြို့ ဂျယ်ဂေါင်အရပ်ဒေသများရှိစက်ရုံအလုပ်ရုံများတွင်း အလုပ်လုပ်လျက်ရှိသော မြန်မာအလုပ် သမားများသည် ဧပြီလမှစ၍ဒေသတွင်းလောခ်ဒေါင်းကြောင့် ပိတ်မိနေကြပြီ အလုပ်လက်မဲ့ မြန်မာနိုင်ငံသားများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။
ညောင်ရွှေမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် ဒေသနွားများ လွှဲပြောင်းပေးအပ်
Jul 29,2021
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ဖြင့် ဒေသနွားမလွှဲပြောင်းပေးအပ်ခြင်းကို ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ညောင်ရွှေမြို့နယ် နောင်တောကျေးရွာအုပ်စု မဇ္ဈိမလွယ်ခေါ်ကျေးရွာ၌ ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒေသခံ တောင်သူများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်သူများစာရင်း ကောက်ယူ 
Jul 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  စနစ်တကျ ထိုးနှံနိုင်ရေးအတွက်  ကာကွယ်ဆေးထိုးနှံမည့်သူများကို ယမန်နေ့မှ စတင်၍  သုံးရက်အတွင်း   စာရင်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း  သိရှိရသည်။ 
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း
Jul 29,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် အောက်ဆီဂျင်အိုး လိုအပ်ချက်များကို တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက အောက်ဆီဂျင်အိုး များ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ် (တံတားကျိုးလမ်း) များ၌ လမ်းတံတားများ ရေကျော်ပြီး ပျက်စီးခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍မရ 
Jul 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ် (တံတားကျိုးလမ်း) များ၌ လမ်းတံတားများ ရေကျော်ပြီး ပျက်စီးခဲ့သည့်အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။