ကျောက်ကြီး ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့မှုအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီစီမံမှုဖြင့် ဒေသခံပြည်သူများ လှူဒါန်းမှုများမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volunteer များအား စားသောက်ကုန်များဖြစ်သည့် ကြက်ဥ (၂၀၀) လုံး၊ မားမားခေါက်ဆွဲခြောက်(၆)ဖာ၊ Royal-D အချိုရည်ဘူး (၁၂)ဘူးပါ(၁၂)ကဒ် အား မြို့နယ် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့သည်။
မြို့နယ်ပြန်/ဆက်