သာယာဝတီ ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ချောင်းသုံးခွ အုပ်စု၊ ကျွန်းကုန်းကျေးရွာ အနီးရှိ တောင်သူဦးစံအေး၏ ကွင်းအမှတ်(၇၀)တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုး ခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးမှုလျော့နည်းစေရန် စိုက်ချိန် ပြောင်းလဲစိုက်ပျိုးခြင်း၊ သီးနှံနှင့်မျိုး ပြောင်းလဲစိုက်ပျိုးခြင်း၊ ရေမြုပ်ဒဏ်ခံနိုင်တဲ့ စပါးမျိုးကို ယခင် စိုက်ပျိုးခဲ့သော ဆင်းသုခ အမျိုးအစားနေရာတွင် အစားထိုးစိုက်ပျိုးခြင်း စသည့် တောင်သူနည်း ပညာပေး စိုက်ပျိုးရေး နည်းလမ်းများ၊ မျိုးပြောင်းလဲ စိုက်ပျိုးရာတွင် ရေမြုပ်ခံစပါး စိုက်ပျိုးခြင်းဖြင့် ရေနစ်မြုပ်မှုကို ၁၄ ရက်ခန့် ခံနိုင်ရည်ရှိ သည့်အတွက် ပျက်စီးဆုံးရှုံးမှု သက်သာစေပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ပျိုးပင်အကုန် သက်သာစေခြင်း၊ လုပ်သားရှားပါးမှု ပြဿနာ ဖြေရှင်းပြီးသားဖြစ်ခြင်း၊ စိုက်ပျိုးရေး နည်းပညာရဲ့ အလေ့ အကျင့်ကောင်း များကို လိုက်နာရန် လွယ်ကူခြင်း၊ အပင်ပြုစု စောင့်ရှောက်ရာတွင်လည်း ပေါင်းနုတ်၊ သမန်းနိုးလွယ်ကူပြီး စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်သောကြောင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
သန့်ဇော်