သတင်းများ

သဲကုန်းမြို့နယ်တွင် ဆေးရုံပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး
Jul 29,2021
ပဲတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း တဖြေးဖြေး မြင့်တက်လာသဖြင့် ထိန်းချုပ်ကာကွယ်ရန်နှင့် လိုအပ်သည့်ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် သဲကုန်းမြို့နယ် အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် ဆေးရုံပံ့ပိုးကူညီရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jul 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးများက ယနေ့ နံနက်(၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများမှ စေတနာ့ဝန်ထမ်း(၇၀)ဦးအား ပထမအကြိမ် ထိုးနှံပေး
Jul 29,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများမှ စေတနာ့ဝန်ထမ်း (၇၀)ဦးအား ယနေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၏ ကြီးကြပ်ပေါင်းစပ်မှုဖြင့် မြေပြိုဘေးခံစားရသည့် နေအိမ်(၉)အိမ် အတွက် အလှူရှင်များမှ အလှူငွေသိန်း(၁၂၀)ထောက်ပံ့
Jul 29,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနှင့် ကဒါကျေးရွာတို့တွင် ဇူလိုင် ၂၆ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုဘေးခံစားရသည့် နေအိမ်(၉)အိမ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘေးဒုက္ခခံရသည့် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြှုပ်မှုခံခဲ့ရသော ကျေးရွာများအနက်ဝေးလံခေါင်းဖျားသောကျေးရွာ(၄)ရွာရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာနှင့်ဆေးဝါးများ ထောက်ပံ့ပေးအပ်
Jul 29,2021
ရခိုင်ပြည်နယ် ၊ မောင်တော မြို့နယ်၌ ဇူလိုင်(၂၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး နစ်မြှုပ်မှုခဲ့သော ကျေးရွာများအနက် ဝေးလံခေါင်းဖျားသော ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စုများအား စေတနာရှင် အလှူရှင်များမှ လှူဒါန်းထားသော စားနပ်ရိက္ခာ နှင့် ဆေးဝါးများအား ကရုဏာကွန်ယက် အဖွဲ့နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းကာ  ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုင်းယောင်းမြို့တွင် ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jul 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ပင်စင်စားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပင်စင်လစာငွေများ ကို ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ​မော်လမြိုင်မြို့၊ မြဆည်းဆာ နှင့်တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့မှ သက်ကြီးဘိုးဘွား (၁၀၀) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးမှု သွားရောက်ကြည့်ရှု
Jul 29,2021
မွန်ပြည်နယ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ၊    မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ​ ကောင်စီအဖွဲ့ဝင်များ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲ ၃နာရီက မော်လမြိုင်မြို့မြဆည်းဆာဘိုးဘွားရိပ်သာနှင့် ​   တောင်ဝိုင်း ဘိုးဘွားရိပ်သာတို့တွင်   ကျန်းမာ​ရေး ဝန်ထမ်းများ၊   ဌာနဆိုင်ရာဝန်ထမ်း များ၊ပရဟိတ​ ​စေတနာ့ဝန်ထမ်းများက သက်ကြီးဘိုးဘွား(၁၀၀) ဦးတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေး ပထမအကြိမ် ထိုးနှံ​ပေးမှု  အ​ ခြေအ​နေအား သွားရောက်ကြည့်ရှု၍  အား​ပေးစကားပြော​ကြားပြီးအဟာရဖြည့်အစားစာများလှူဒါန်းပေးသည်။
လောက်ကိုင်မြို့အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်လူအင်အားစာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 29,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌  ယမန်နေ့ နံနက်  ၁၀ နာရီ  အချိန်တွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး (မြို့နယ် အုပ်ချုပ် ရေးမှူး)နှင့်အဖွဲ့ဝင်များ  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊   လူမှုရေးအသင်းအဖွဲ့များနှင့်   မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် လောက်ကိုင်မြို့ အတွင်း  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံမည့်လူအင်အား  စာရင်း ကောက်ယူရေး  လုပ်ငန်းညိှနှိုင်းအစည်း အဝေးကျင်းပသည်။