သတင်းများ

မိုးညိုမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jul 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမျိုးဘာသာမရွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရိရေကန်ဘေးပတ်လည်ရှိ လယ်မြေများအား မိုးရေရရိမှုနည်းပါးခြင်းကြောင့် လယ်ထွန်ယက်ရာတွင် အခက်ကြုံနေရသော်လည်း ဇူလိုင်လနှောင်းပိုင်းတွင် လယ်စပါးများစိုက်ပျိုးနိုင်
Jul 29,2021
မိုးရေကိုသာအဓိက အားကိုးအားထားပြီး မိုးကောင်းလယ်မြေများဖြစ်သည့် အသည်းနှလုံး ပုံသဏ္ဍာန်ရှိ ရိရေကန်အနီး လယ်မြေများအား မိုးဦးကာလ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် လယ်ထွန်ယက်ရာတွင်အခက်ကြုံနေရသော်လည်း ယခုအခါမိုးရေရရှိလာပြီး လယ်စပါးများ စိုက်ပျိုး နိုင်ကြောင်း သိရသည်။ 
အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး အတွက် အလှူရှင်များက အလှူရှင်ငွေများ လှူဒါန်း
Jul 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမ ကွက်သစ်ကျောင်း တိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာ နာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည် ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများကို လှူဒါန်းလျက်ရှိ ကြောင်း သိရသည်။ 
ဗန်းမော်မြို့နယ်အတွင်းရှိ သံဃာတော်နှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် စာရင်းကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 29,2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက် ပြန့်ပွားမှုမှ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သံဃာတော်နှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းကောက်ယူခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည်
Jul 29,2021
မိတ္ထီလာမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်ကို မကြာမီဆောင်ရွက် သွားမည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ချောင်းဆုံတွင် မြေပြိုဘေးနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်
Jul 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကွမ်ရိုက်ကျေးရွာ၊ ကဒါကျေးရွာ၊ ဖံဖကျေးရွာနှင့် အဘစ်ကျေးရွာတို့တွင် ဇူလိုင်(၂၆၊၂၇)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် လေ ပြင်းတိုက် ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် လူနေအိမ်များအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီက ကွမ်ရိုက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်ကြီးအုံကြီးတမံ ကန်ရေပြည့်အမှတ်ရောက်ရှိရန် ၁၇ ပေ လိုသေး၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသေး
Jul 29,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကြီးအုံကြီးဝတမံတွင် ကန်ရေပြည့်အမှတ်ရောက်ရှိရန် ၁၇ ပေ ခန့် လိုအပ် နေသေးသဖြင့် စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသေးကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၁/၂၀၂၁) တက်
Jul 29,2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၁/၂၀၂၁)ကို ယနေ့နံနက် ၉ နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး  စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။