ပြည် ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကွန်ပျူတာတက္ကသိုလ် Facility Quarantine Center နှင့် ပြည်တက္ကသိုလ် သန္တာဆောင် Quarantine Center တို့တွင် တာဝန်ထမ်းဆောင်နေသော Volunteer စေတနာ့ ဝန်ထမ်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ယနေ့ညနေ ၅နာရီခွဲတွင် အစားအစာနှင့်ဆေးဝါးများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးစိုပြေလင်းတို့က Quarantine Center တစ်ခုလျှင် ကြက်ဥ အလုံး(၃၀၀)၊ ဖီးကြမ်းငှက်ပျောသီး အဖီး(၅၀)နှင့် ဓာတ်ဆားထုပ်များအပါအဝင် ငွေကျပ်သုံးသောင်းဖိုးခန့် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများကို Volunteer စေတနာ့ဝန်ထမ်းများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ Quarantine Center နှစ်ခုတွင် မြို့နယ်အတွင်း COVID-19 Positive Case နှင့် ထိစပ်လူနာများ၊ Stay at Home မြို့နယ်များမှပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးဝန်ထမ်းများနှင့်အတူ Volunteer စေတနာ့ဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဆက်