တောင်ကုတ် ဩဂုတ် ၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသော အသက်(၆၅)နှစ်နှင့််အထက်ရှိပြည်သူများအားမနက်ဖြန်ဩဂုတ်(၁)ရက်နေ့မှ စ၍နေ့စဉ်နံနက်(၈)နာရီ၃၀ အချိန်မှနေ့လယ်(၁၂)နာရီအချိန်ထိ၎င်း (၁)နာရီအချိန်မှညနေ (၄)နာရီအထိသတ်မှတ်စုရပ်နေရာများ၌ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုတို့ကို တားဆီးကာကွယ်ရန်နှင့် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန်စသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ ကိုဗစ်-၁၉ ရောဂါကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးနှင့်မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာလှထွန်းဇော်တို့ကကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေး ထိုးနှံခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျမှတ်ပုံတင်ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး၊ကိုဗစ်-၁၉ ကာကွယ် ဆေးများထိုးနှံပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့် အထက်ရှိမြို့ပေါ်ရပ်ကွက် အတွင်းရှိပြည်သူ(၂၆၀၃)ဦးကျော်တို့ကို ဩဂုတ်လ(၁)ရက်နေ၌ ချောင်းကောက်ရပ်ကွက်မှ အသက်၆၅နှစ်နှင့်အထက်ရှိသူ (၅၇၃)ဦးကို အမက(၂)မြို့မကျောင်း၌၎င်း ဩဂုတ်(၂၊၃)၌ ဂူတာရပ်ကွက်မှ(၇၄၅)ဦးကို ဆေးရုံဟောင်း၌၎င်း ဩဂုတ်(၄၊၅)ရက်နေ့ ကံပိုင်ရပ်ကွက်မှ (၇၃၄)ဦးကို အထက(၁)၌၎င်း ဩဂုတ်(၆)ရက်နေ့ သိမ်တောင်ရပ်ကွက်မှ (၅၅၁)ဦးကို ပညာဒါနကျောင်း၌၎င်း ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရပ်ကွက်များ အတွင်းသတ်မှတ်စုရပ်များ၌ အစီအစဉ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်