ပုဗ္ဗသီရိ ဩဂုတ်လ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး အလုံးရေ (၁၂၀၀)ရရှိပြီး အဆိုပါကာကွယ်ဆေးအား ဩဂုတ်လ (၁)ရက်နေ့မှ စတင်၍ ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။
“ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၁-၈-၂၀၂၁ )ရက်နေ့ကစတင် ပြီး (၄-၈-၂၀၂၁)ရက်နေ့ အထိ ထိုးနှံပေးမှာ ဖြစ်ပါတယ်၊ ဦးစားပေးထိုးနှံပေးမယ့် လူများကတော့ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ သံဃာတော်များ နှင့်သီလရှင်များ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ကိုဦးစားပေး အဆင့်အလိုက် အ.ထ.က(၂၀)၊နဝ ဒေးကျောင်းတွင် ထိုးနှံပေးသွားမည်ဖြစ်ပါတယ်" ဟုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည် ထံမှသိရသည်။
သန္တာလင်း(ပြန်/ဆက်)