ချင်းရွှေဟော် ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက်အကူပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်(၁၀) နာရီအချိန်က အောက်ဆီဂျင်(၄၀)လီတာ ဆန့်အိုးအလွတ်(၂၂၂၀)လုံး၊ အောက်ဆီဂျင်(၂၀)လီတာ ဆန့်အိုးအလွတ်(၁၀၁၀)လုံး၊ အောက် ဆီဂျင်(၁၅)လီတာ ဆန့်အိုးအလွတ်(၂၅၀)လုံး၊ အောက်ဆီဂျင်(၁၀)လီတာဆန့် အိုးအလွတ်(၈၈၀)လုံး၊ နှာခေါင်းစည်း (Mask)(၅၆၄၆) ဖာ၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator)(၇၁၅)လုံး၊ ppe ဝတ်စုံ(၂၅၅၅)ဖာ၊ အောက်ဆီဂျင်(Mask)(၂၀)ဖာ၊(Oxygen ReguLator)(၁၂၂)ဖာ၊ Oximeter(၁)ဖာလျှင် (၁၀၀)ခုပါ(၁၅၀)ဖာ၊ အောက်ဆီဂျင်အိုးခေါင်း(၁)အိတ်၊ တွန်းလှည်း(၂၀)အိတ်၊ Air con(၂) စုံ၊ ဆက်စပ်ပစ္စည်း(၆)ဖာတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်များ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာခဲ့သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ချင်းရွှေဟော်မြို့ ရှိ အားလျန်ဂိုဒေါင်နှင့်စီတိုဂိုဒေါင်၊ ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာရှိ ရွှေတော်ဝင်ဂိုဒေါင်၊ ရွှေတြိဂံဂိုဒေါင်များတွင် ခေတ္တချထားပြီး ၎င်းဂိုဒေါင်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမြို့နယ်များသို့ ဆက်လက် ပို့ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ် ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံမှ တင်သွင်းလာခဲ့သည့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများမှာ ဇူလိုင် လ(၁၅)ရက်နေ့မှဩဂုတ်(၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်အထိ အောက်ဆီဂျင် (၅၀)လီတာဆန့် အိုးအလွတ်(၃၅၀)လုံး၊ အောက် ဆီဂျင်(၄၀)လီတာဆန့်အိုးအလွတ်(၂၆၅၅၁)လုံး၊ (၃၈)လီတာ ဆန့်အောက်ဆီဂျင်အိုးအလွတ်(၂၁၃)လုံး၊ အောက်ဆီဂျင်(၃၀)လီတာ ဆန့်အိုးအလွတ်(၁၉၂)လုံး၊ အောက်ဆီဂျင်(၂၀) လီတာဆန့်အိုးအလွတ်(၁၄၀၀)လုံး၊အောက်ဆီဂျင်(၁၅)လီတာဆန့်အိုးအလွတ်(၆၆၇) လုံး၊ အောက်ဆီဂျင်(၁၀)လီတာ ဆန့်အိုးအလွတ်(၉၈၀)လုံးနှင့် ယနေ့အချိန်ထိအောက်ဆီဂျင်အိုး အလွတ်စုစုပေါင်း (၃၀၃၅၃)လုံး၊ နှာခေါင်းစည်း(Mask)(၇၃၈၇၈)ဖာ၊အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၅၆၀၂)လုံး၊ ဆေးဖာ(၆၉၀)ဖာ၊ အောက်ဆီ ဂျင်လက်ညှိုးညှပ်တိုင်းစက်(၁)ဖာလျှင်(၉၆)ခုပါ(၈)ဖာ၊ (Oxygen Plant)စက်ကြီး(၉)လုံး၊ အောက်ဆီဂျင်(Mask)(၁၂၈၃)ဖာ၊ (Madical Regulator)(၁)ဖာလျှင်(၂၀)ခုပါ (၂၇၄)ဖာ (Mask Box)(၂၈၅)ဖာ၊ အောက်ဆီဂျင်အဖုံး(၈)အိတ်၊ Oximeter(၁)ဖာလျှင် (၁၀၀)ခုပါ(၂၂၇)ဖာ၊ အောက်ဆီဂျင် (Inhalator) (၅)ဖာ၊ အောက်ဆီဂျင်အိုး(ခေါင်း)(၂)အိတ်၊ PPEဝတ်စုံ(၆၀၄၇)ဖာ၊ ဆက်စပ်ဆေး ပစ္စည်း(၄၆၆)ဖာ၊ အောက်ဆီဂျင်အိုးနပ်(စ်) (၁)အိတ်၊ (Oxygen ReguLator) (၃၉၄)ဖာ၊ ခေါင်းအစွပ်(၅၈၃)ဖာ၊ မော်တာ(၄)လုံး၊ သံဒလက်(၃)ခု၊ (Oxygen Plant)စက်ကြီးဆက်စပ် ပစ္စည်း(၉)ခု၊ တွန်းလှည်း(၂၀)အိတ်၊ Air con(၂)စုံ၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ရှာဖွေရေးကိရိယာ(၁၀)ဖာတို့ ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)