ဘားအံ ဩဂုတ် ၁
“ အခုလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းတွေမြင့်တက်နေချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ အမေတို့ကို ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အရမ်းဘဲကျေးဇူးတင်တယ် ” ဟု ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အမှတ်(၂)ရပ်ကွက်မှ အသက် ၆၆ နှစ်အရွယ်ရှိ အမေဒေါ်ဆန်းတင့် က ပြောသည်။
ကရင်ပြည်နယ်အတွင်း အသစ်ထပ်မံရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ဦးစားပေး အုပ်စုအလိုက် သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်း သတ်မှတ်ချက်များ နှင့်အညီ စတင်ထိုးနှံပေးနေခြင်း ဖြစ်ပြီး “ ကျမတို့နေတဲ့ ရပ်ကွက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရတဲ့သူတွေ၊ အနံ့ပျောက်နေသူတွေနဲ့ သေဆုံးခဲ့ရတဲ့သူတွေ လည်းရှိတယ်၊ အသက်အရွယ ်ကြီးရင့်တဲ့သူတွေက ကိုယ်ခံအားနည်းတော့ ပိုပြီးခံစားရတယ်လို့လည်း သိထားတယ်၊ ကျမအနေနဲ့ ဟိုးအရင်တစ်ခါ ထိုးပေးကတည်းက ထိုးချင်နေတာပါ၊ အထက(၁)ကျောင်းမှာ ထိုးပေး တော့ ကျမခြေထောက်က လမ်းမလျှောက်နိုင်လို့ မထိုးခဲ့ရပါဘူး၊ အခုတစ်ခါမှာတော့ ထိုးဖြစ်အောင ်ထိုးမယ်ဆိုပြီးတော့ လာထိုးတာပါ၊ နိုင်ငံတော်အစိုးရအနေနဲ့ အခုလိုမျိုး ဆောင်ရွက်ပေးတာ အရမ်းကျေးဇူးတင်တယ်၊ ကိုဗစ်ကာကွယ်ဆေးကို အတိုင်းအတာတစ်ခုထိ ထိုးနှံပေးနိုင်ရင် ရောဂါကူးစက်မှုလျော့ကျသွားမယ်လို့လည်း ယုံကြည်တယ်၊ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးကလည်း နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းပြီးတော့ ကာကွယ်ဆေးထိုးနှံပေးကြပါလို့ ကျမကပြောချင်ပါတယ်” ဟု အမေဒေါ်ဆန်းတင့် က ဆက်လက်ပြောကြားသည်။
ကရင်ပြည်နယ်အနေဖြင့် ကာကွယ်ဆေးသစ် ငါးသောင်းငါးထောင်ကို ခွဲတမ်းရရှိပြီး မြို့နယ်အသီးသီးသို့ ဖြန့်ဝေ ထိုးနှံပေးသွားမည်ဖြစ်ရာ ဘားအံမြို့နယ်အနေဖြင့် လူဦးရေ ၄၀၀၀ ကျော်ခန့်ကို ဘားအံမြို့ အထက(၁)၊ အထက(၃)၊ ဇွဲကပင်ခန်းမ၊ ထုံးအိုင်၊ အိန္ဒုကျေးရွာနှင့် မာလာဖူးအကျဉ်းစခန်းတို့ကို စုရပ်များသတ်မှတ်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volenteer များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များကို ထိုးနှံပေးနေခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် အမှတ်(၂)ရပ်ကွက် မြို့မရဲစခန်းဝင်းနေ နန်းနှင်းဝေဝေသော် က “အသိထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့သူတွေရှိတယ်၊ ရပ်ကွက ်ထဲမှာလည်း ကူးစက်ခံရ တာတွေကြားနေရတယ်၊ သေဆုံးမှုတွေလည်း ကြားနေရတယ ်ပေါ့နော်၊ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် အခုချိန်မှာ အသက်အရွယ် အပိုင်းအခြားမရွေး ရောဂါဖြစ်တဲ့သူတွေလည်းများလာတယ်၊ အခုလိုရောဂါတစ်အားပျံ့ပွား နေတဲ့အချိန်မှာ ကာကွယ်ဆေးထိုးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ ကာကွယ်ဆေးထိုးပေးတဲ့ ဆရာ၊ ဆရာမတွေ၊ စီမံဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
“အခုလို ကိုဗစ်-၁၉ ကာကွယ်ဆေးကို နေရာစုရပ်တွေသတ်မှတ်ပြီး ထိုးနှံပေးတဲ့နေရာမှာ လူတွေကလည်း လိုလိုလားလားနဲ့ လာရောက်ထိုးနှံကြတဲ့အခါမှာ တာဝန်ရှိတဲ့သူတွေရဲ့ စေတနာကို သူတို့ သိရှိနားလည်သွားကြမယ်လို့ ထင်ပါတယ်၊ အဘက ကိုဗစ် ဒုတိယလှိုင်းတုန်းက ဆေးရုံတက်လိုက်ရတယ်၊ အခြားရောဂါတစ်ခုနဲ့ ဆေးရုံရောက်ပြီးမှ စစ်ကြည့်လိုက်တော့ ကိုဗစ်ဖြစ်နေတယ်၊ အမျိုးသမီးကလည်း အနံ့ပျောက်လိုစစ်ကြည့်တော့ Positive ဖြစ်နေတယ်၊ သားက ဆရာဝန်ဆိုတော့ Quatantine ဝင်းခိုင်းပြီး အထူးကြပ်မတ်ကုသမှုခံယူခဲ့ရပါတယ်၊ အခု ကိုဗစ်တတိယလှိုင်းကို မြင်တွေ့ရတဲ့အခါမှာတော့ ပထမ လှိုင်းတွေထက် ပိုမိုပြင်းထန်းသလိုကို ဖြစ်နေတယ်၊ မနက်မိုးလင်းတာနဲ့ သတင်းတွေ ကြားနေရတာ စိတ်တောင်မကောင်းဘူး၊ ကိုယ်နဲ့ရင်းနှီးသူတွေလည်းပါတယ်၊ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရောဂါကူးစက်ဖြစ်ပွားမှု နှုန်းနဲ့သေဆုံးနှုန်းတွေလျော့နည်းကျဆင်းအောင် ဂရုစိုက်ပြီးတော့ ဆောင်ရွက်ပေးနိုင် မယ်ဆိုရင် ပြည်သူလူထု အတွက်ကတော့ အားကိုးစရာတကယ်ဖြစ်မှာပါ၊ လိုအပ်ချက်တွေကိုလည်း ပိုမိုပြည့်စုံအောင် ဖြည့်စွမ်းပေး မယ်ဆိုရင် ပြည်သူလူထုအတွက် ပိုပြီးအကျိုးရှိနိုင်မှာပါ၊ တစ်ချို့ပြည်သူတွေက ဒီလိုဆောင်ရွက်တဲ့ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် မသိကြတာလည်းရှိတယ်၊ တစ်ချို့ဆိုရင် ကာကွယ်ဆေးထိုးချင်တယ် ဦးစားပေးအုပ်စုကိုနားမလည် တဲ့အခါကျတော့ ကွဲကွဲပြားပြားလေး ကြေငြာပေးရင် ပြည်သူတွေအတွက်လည်း ပိုးပြီးတော့သံသယရှင်းတာပေါ့၊ ပိုပြီးတော့လည်း ကောင်းတာပေါ့၊ ဒီလိုမျိုးသက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကနေပြီးတော့ ပြည်သူလူထုအတွက် ဂရုတစိုက်နဲ့ဆောင်ရွက်ပေးတဲ့နေရာမှာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကနေတစ်ဆင့် ကျယ်ကျယ် ပြန့်ပြန့်လေး သတင်းလွှင့်ပေး ကြော်ညာ ပေးဖို့ပေါ့နော်၊ အခုလိုရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ပြင်းထန်းချိန်မှာလူတွေက ကျန်းမာရေးအတွက် ပိုပြီးတော့ ဂရုစိုက်လာကြတယ်၊ လူတိုင်းက ကာကွယ်ဆေးထိုးချင်နေကြပါတယ် ” ဟု လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ ဘားအံမြို့မိမြို့ဖ ဦးကျော်မင်းစိန် က ပြောသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်အထက် သက်ကြီးအ ဘိုးအဘွားများအား ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များက ကြက်ဥနှင့်အာဟာရဖြည့်စွက် အစားအစာဆေးဝါးများ လာရောက်ပေးအပ်လှူဒါန်း သွားကြသည် ကိုလည်း မြင်တွေ့ခဲ့ရပြီး ကာကွယ်ဆေးထိုးနှံခြင်း မပြုမှီ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း Volenteers များက စာရင်းရေးသွင်းခြင်းအပြင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်နှင့် သွေးတွင်း အောက်စီဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချို တိုင်းတာပေးခြင်း အစရှိသည့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ဦးစွာဆောင်ရွက်ပေးကြကာ ပုံမှန်အခြေအနေရှိမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာသနာ့ဝန်ထမ်း ဘာသာရေးအသင်းအဖွဲ့များနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များကို သီးခြားစုရပ် တစ်ခုတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးပါက ဓါတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုး လက္ခဏာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန ်ဆောင်ရွက်ပေးနိုင်ရေး မိနစ်(၃၀)ခန့် စောင့်ဆိုင်းစေ၍ စောင့်ကြပ်ကြည့်ရှုပေးပြီးမှသာ နေရပ်သို့ ပြန်လည်စေလွတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)