တောင်သာမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

တောင်သာ  ဩဂုတ်  ၁

တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့ နေ့လည်(၁)နာရီ အချိန်မှစတင်၍ မြို့နယ်အတွင်းရှိတောင်သာ (အထက)နဝရတ်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

 မြို့နယ်အတွင်းနှင့် ကျေးရွာများမှ အသက်(၆၅)နှစ်အရွယ်ရှိ သက်ကြီးဘိုးဘွားများ အတွက် ပထမအကြိမ် ကာကွယ်ဆေးကို စတင်ထိုးနှံပေးလျက်ရှိရာ (Sinopham) ကာကွယ်ဆေးအလုံး(၈၀၀)၊လူဦးရေပေါင်း(၁၆၀၀)ကို ပထမအကြိမ် ထိုးနှံပေးခြင်း အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်ဆောင်ရွက်ကြောင်း  သိရသည်။

အဆိုပါ တောင်သာ(အထက)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် အသက်အရွယ် ကြီးသူ ဘိုးဘွားများအား ကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် နေ့စဉ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)