မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၅ဦး ထပ်မံတွေ့ရှိ

မိုင်းပျဉ်း သြဂုတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး ရှိသူ(၅)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။

မိုင်းပျဉ်းမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် သြဂုတ်၆ရက်က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသွားလာသူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရာ ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၅)ဦး တွေ့ရှိခဲ့ကြောင်း သိရပြီး အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် ဇွန်၃၀ ရက်မှ သြဂုတ် ၆ ရက်ထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း၁၂၅ဦးတွေ့ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁၀၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဒေါ်မေမွန်ထွဋ်၊ပြန်ဆက်