အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေး

အရာတော်    ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် တရုတ်နိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီကစတင်ကာ ညနေ (၄)နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမနှင့် မြို့ပေါ် (၃)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယနေ့တွင် သံဃာတော်(၃)ပါး၊ အသက်(၆၅) နှစ်နှင့် အထက်ဘိုးဘွား (၁၂၉)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၀)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံဝန်ထမ်းများနှင့် စျေးရောင်းချနေသူ(၈၄၃)ဦး၊  စုစု‌ပေါင်း (၉၈၅)ဦး လာရောက်ထိုးနှံခဲ့ကြပြီး ဩဂုတ်လ  (၃) ရက်နေ့မှယနေ့အထိ ရဟန်းရှင် လူ ပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ စုစုပေါင်း ( ၁၆၂၂ )ဦးကို ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ် ကြောင်းနှင့် ဆေးထိုးရန်ကျန်သူများအား ဦးစားပေးအစီအစဉ်အလိုက် ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)