ဟိုပန်မြို့၌ ဒုတိယအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေး

ဟိုပန်  ဩဂုတ် ၇

ဟိုပန်မြို့၌ ဒုတိယအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဟိုပန်မြို့ ကောင်းဟုန်းရပ်ကွက်ရှိ “ဝနှစ်ချင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ပြုလုပ်ခဲ့သည်။

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ဒုတိယအသုတ်ရောက်ရှိလာသောကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ(၁၆၀)ကို ဈေးသည်နှင့် စားသောက်ဆိုင်ရောင်းချသူ(၁၈၀)ဦး၊ ပရဟိတလုပ်ငန်းလုပ်ကိုင်သူ (၇၄)ဦး၊ ဟော်တယ်ဝန်ထမ်း(၂၀)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀)ဦး၊ စက်ရုံနှင့် အလုပ်ရုံများမှ လုပ်သား(၃၂)ဦး၊ ဝန်ထမ်း(၁)ဦး၊ ဓမ္မဆရာ/ဆရာမ(၃)ဦး စုစုပေါင်း(၃၂၀)ဦးတို့အားထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲဝင်းထိုက်မှ အနီးကပ် ကြီးကြပ်၍ ပညာရေးဝန်ထမ်းများမှ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ကျဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက် များနှင့်အညီ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံသူများကို အားဖြည့်အချိုရည်များနှင့် သောက်ရေသန့်များ ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)