သတင်းများ

ဖလမ်းမြို့၌ မိုးရွာသွန်းမှုကြောင့် ကားလမ်းမပေါ်၌‌ မြေပြိုကျမှုဖြစ်ပွား
Aug 07,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ယမန်နေ့က ဟားခါး-ဖလမ်း-ကလေးသွား လမ်းပေါ်ရှိ မြို့တွင်းလမ်း အပေါ်ဘက်ပိုင်း‌ မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့၌ UPG Paint & COATING Co.,LTD မှ မိုးမိတ်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Oxygen Concentrators နှစ်လုံးလှူဒါန်း
Aug 06,2021
UPG Paint & COATING Co.,LTD သည် မြန်မာနိုင်ငံအဝန်း ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသော လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည့်ဆည်း နိုင်ရေးအတွက် ရည်ရွယ်၍ Oxygen Concentrators များကို နိုင်ငံအဝန်းတွင် လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ဆေးရုံသို့ Oxygen Concentrators နှစ်လုံး ပေးအပ်လှူဒါန်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် ( တောင်ပိုင်း ) မြို့နယ်​​ အောင်မြင့်မိုရ်အိမ်ရာတွင် 400KVA Tr နှစ်တိုင်စင်တည်ဆောက်
Aug 06,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အောင်မြင့် မိုရ်အိမ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာအား ပြန်လည်ဖွင့်လှစ်​ခဲ့ပြီး ဇူလိုင်၂၀ရက်​နေ့မှ စတင်ကာ လူနာများအား လက်ခံကုသပေးလျက်ရှိသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ အများပြည်သူ ၂၃၆၄ ဦးအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်
Aug 06,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၂၃၆၄ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဘားအံမြို့၌ ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ခုနှစ်ရက်အတွင်း လာရောက်ထိုးနှံသူ (၁၀၄၆၆)ဦးရှိ
Aug 06,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းအတွက် ပြည်သူများ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ်(၇)နေရာတွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် အခြေခံစားသောက်ကုန် (၂)မျိုး ထောက်ပံ့ပေးအပ်
Aug 06,2021
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်း များအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)နှင့် အခြေခံစားသောက်ကုန် (၂)မျိုး ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ ၄၄၅၀ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့
Aug 06,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိသူများနှင့် သာသနာ့ဝန်ထမ်းများအပါအဝင် ပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကာ ယနေ့အထိ အများပြည်သူ စုစုပေါင်း၄၄၅၀ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
နမ္မတူတွင် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Aug 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်ခန့်က စတင်ကာ Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။