ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူ(၉၁၁၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး
Aug 09,2021
ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေးကို ဇူလိုင် ၂၉ ရက်နေ့မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း Centre (၁)၊ Centre (၂) နှင့်အတူ မြို့နယ်သာသနာ့ဗိမာန် ၊ ကျိုက်ထိုပြည်သူ့ဆေးရုံတို့၌ နေရာ(၄)ခုခွဲ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ဆေးကို ထိုးနှံပေးခဲ့သည်။